Jump to content

ဝီကီမီဒီယာ ဖောင်ဒေးရှင်း ဥပဒေရေးရာဌာန/၂၀၂၃ အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ မွမ်းမံခြင်း

From Meta, a Wikimedia project coordination wiki
This page is a translated version of the page Wikimedia Foundation/Legal/2023 ToU updates and the translation is 20% complete.
Outdated translations are marked like this.
2023 Terms of Use updates

ဝီကီမီဒီယာ ဖောင်ဒေးရှင်း ဥပဒေရေးရာဌာနသည် ဝီကီမီဒီယာ အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များကို မွမ်းမံခြင်းအတွက် ဆွေးနွေးနိုင်ရန်အတွက် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၁ မှ ဧပြီ ၂၄ အထိ လူထုအသိုင်းအဝိုင်းအဖွဲ့ဝင်များနှင့် တုံ့ပြန်ချက်စက်ဝိုင်းတစ်ခုကို ပြုလုပ်လျက်ရှိသည်။

အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ (ToU) သည် ဝီကီမီဒီယာ ဖောင်ဒေးရှင်းမှ လွှင့်တင်ထားသော ဝဘ်ဆိုဒ်များအား အသုံးပြုခြင်းအတွက် အုပ်ချုပ်စီမံသည့် ဥပဒေရေးရာအသုံးအနှုန်းများ ဖြစ်သည်။

အဆိုပါ တုံ့ပြန်ချက်စက်ဝိုင်း၏ တစ်စိတ်တစ်ဒေသအဖြစ် ဥပဒေရေးရာဌာနသည် အဆိုပြုချက်ကြမ်းတစ်စောင်အတွက် တုံ့ပြန်သုံးသပ်ချက်ကို အသိုင်းအဝိုင်းများထံမှ ဖေဖော်ဝါရီမှ ဧပြီလအတွင်း ကောက်ယူမည်ဖြစ်သည်။ အဆိုပြုချက်ကြမ်းအား ဘာသာစကားများစွာဖြင့် ဘာသာပြန်ဆိုထားမည်ဖြစ်ပြီး တုံ့ပြန်သုံးသပ်ချက်အား နှစ်သက်ရာ ဘာသာစကားဖြင့် ပေးနိုင်သည်