Jump to content

ဝီကီမျိုးစိတ်

From Meta, a Wikimedia project coordination wiki
This page is a translated version of the page Wikispecies and the translation is 100% complete.

ဝီကီမျိုးစိတ်သည် ဝီကီမီဒီယာ ဖောင်ဒေးရှင်း၏ ပရောဂျက်တစ်ခုဖြစ်ပြီး ၂၀၀၄ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့တွင် စတင်ခဲ့ပါသည်။ စီမံကိန်းဖြစ်ပေါ်လာပုံအသေးစိတ်အား မေးလေ့ရှိသောမေးခွန်းနှင့်အဖြေများတွင် ရှာတွေ့နိုင်သည်။ ၎င်းသည် ဘာသာစကားအမျိုးမျိုးဖြင့်ဖြစ်သော်လည်း ကွန်မွန်းစ်ကဲ့သို့ပင် သိသိသာသာကွဲပြားမထားပေ။

ဝီကီမျိုးစိတ်အား သိပ္ပံပညာရှင်နှင့် သာမန်စာဖတ်သူတွေအတွက် အခမဲ့ ဇီဝမျိုးရိုးခွဲခြားမှုပညာရပ်ဆိုင်ရာ အကိုးအကား နှင့် လမ်းညွှန်တစ်ခုဖြစ်စေရန် ရည်ရွယ်ထားပါသည်။ ၎င်းသည် လောကခြောက်ခုလုံးမှ သက်ရှိများအား အမျိုးအစားခွဲခြားခြင်းနှင့် သက်ရှိမျိုးစိတ်အားလုံး၏ ဗီဇမျိုးရိုး ဆင်းသက်လာပုံတို့ကို စုစည်းထားသော ဒေတာဘေ့စ်တစ်ခုအနေဖြင့် တည်ရှိနေသည်။ သို့ရာတွင် ဇီဝမျိုးရိုးခွဲခြားမှု အခြေတည်ထားသည့်အဆင့်များတွင်မူ လက်တန်းရေးထည့်ခြင်းမရှိစေရန် ပြန်လည်အစားထိုးခြင်းဖြင့်တင်းကျပ်စွာ ချုပ်ကိုင်ထားသည်။ ဇွန် ၂၀၂၄ ရက်နေ့ စာရင်းအရ၊ ဝီကီမျိုးစိတ်တွင် ရရှိနိုင်သော ဆောင်းပါး အရေအတွက်မှာ 877,465ခု ဖြစ်ပါသည်။

ဇီဝမျိုးကွဲသတ်မှတ်ခြင်းဆိုင်ရာ အမျိုးအစားခွဲခြားမှုအတွက် တရားဝင်ဗဟိုဌာနမရှိခြင်းသည် ဝီကီမျိုးစိတ်ကဲ့သို့သော ပရောဂျက်တစ်ခုလိုအပ်ခြင်း၏ သက်သေပင်ဖြစ်သည်။ အမျိုးအစားခွဲခြားမှုမှတ်တမ်းတင်ရန် ဗဟိုချက်မရှိသောကြောင့် တူညီသောမျိုးစိတ်များကို အမျိုးအစားခွဲမှု နှစ်ကြိမ်၊ သုံးကြိမ် (သို့) ထို့ထက်ပို၍ပြုလုပ်ခဲ့သောကြောင့် ပြဿနာများ ပေါ်ပေါက်ခဲ့သည်။ အသိပညာဗဟုသုတမြောက်မြားစွာကို ပြုပြင်ခြင်းနှင့် ထိန်းသိမ်းခြင်းတို့တွင် ဝီကီပီးဒီးယား၏ အောင်မြင်မှုသည် အွန်လိုင်း အချက်အလက်စုဆောင်းမှုအနေဖြင့် ဇီဝဗေဒအသိုင်းအဝိုင်းမှ လိုအပ်သော မျိုးစိတ်အမျိုးအစားများအတွက် လမ်းညွှန်ပေးနိုင်သည့် အကောင်းဆုံးကိရိယာဖြစ်ကြောင်း ဖော်ပြနေလေသည်။

နောက်ထပ်ကြည့်ရန်